ရေးမြို့နယ် နှစ်ကရင်လမ်းဝအနီးတွင် ကားလမ်းစစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ

ရေးမြို့နယ် နှစ်ကရင်လမ်းဝအနီးတွင် ကားလမ်းစစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်လမ်းဝအနီးတွင် ကားလမ်းစစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

ရေးမြို့နယ် နှစ်ကရင်လမ်းဝအနီးတွင် ကားလမ်းစစ်ဆေးမှုပြုလုပ်နေသည့် အမတ (၃၁၇) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် သြဂုတ်လ (၂၂) ရက်နေ့ နေ့လယ် (၁၂) နာရီခွဲအချိန်တွင် တော်လှန်ရေးအင်အားစုများက ဒရုန်းနှင့် ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး သေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း တောင်ညိုစစ်ကြောင်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများ တောင်ညိုစစ်ကြောင်းနှင့် KNLA အမှတ် (၂၇) တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency