တံတားဦးမြို့နယ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်များသိမ်း

တံတားဦးမြို့နယ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်များသိမ်း

မန္တလေးတိုင်း တံတားဦးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၀)ရက်နေ့တွင် တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၄)ထံမှ သိရသည်။

တံတားဦးမြို့နယ် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းတွင် စစ်ကောင်စီတပ်သား (၁၅)ဦးခန့်သာရှိနေပြီး စခန်းကို

သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသည်ဟု ဆိုသည်။ 

ထို့နောက် စစ်ကောင်စီတပ်စခန်းအား မီးရှို့ဖျက်ဆီးကာ PDF အလံလွင့်ထူနိုင်ခဲ့ကြောင်း သိရသည်။ 

တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း (၄)၊ တပ်ရင်း (၁၀)၊ တံတားဦး ပကဖနှင့် မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့တို့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency