တွံတေးမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းကို ပျူစောထီးများက လုပ်ကြံ သတ်ဖြတ်

တွံတေးမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းကို ပျူစောထီးများက လုပ်ကြံ သတ်ဖြတ်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို‌ကျေးရွာ၏ အုပ်ချုပ်ရေးမှူးဟောင်းဦးမျိုးထွန်း မိသားစုကို မတ်လ(၂၈)ရက်နေ့ ညပိုင်းက ပျူစောထီးများ ဝင်ရောက်လုပ်ကြံသဖြင့် ဦးမျိုးထွန်း သေဆုံးပြီး ဇနီးနှင့် ကလေးနှစ်ဦးကို ဆေးရုံတင်ပို့ထားရကြောင်း တွံတေးဒေသခံများထံမှ သိရသည်။

အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးထွန်းမိသားစုကို ပျူစောထီးအဖွဲ့များက ဝင်ရောက် ပစ်ခတ် လုပ်ကြံခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် လုပ်ကြံရသည်ကို မသိရသေးဟု ဆိုသည်။

၎င်း ပျူစောထီးများကို တော်လှန်ရေးညီနောင်များအနေဖြင့် စုံစမ်းဖော်ထုတ်ကာ အရေးယူသွားမည်ဖြစ်ကြောင်း Twantay Ranger က ထုတ်ပြန်ထားသည်။