သီပေါမြို့တွင် စစ်ကောင်စီ၏လေကြောင်းနှင့် လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး စက်သုံးဆီ သိုလှောင်ကန်မီးလောင် 

သီပေါမြို့တွင် စစ်ကောင်စီ၏လေကြောင်းနှင့် လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး စက်သုံးဆီ သိုလှောင်ကန်မီးလောင် 

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား(၂)ဦး သေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်မီးလောင်သွားကြောင်း TNLA ထံမှ သိရသည်။ 

၂၀၂၄ခုနှစ် သြဂုတ်လ (၁၈)ရက်နေ့က သီပေါရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (၂၃)အနီးရှိ နားမုံရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အမျိုးသား (၂)ဦး ထိမှန်သေဆုံးသွားသည်ဟု ဆိုသည်။ 

ထို့အပြင် ဩဂုတ်လ (၁၉)ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း သီပေါမြို့ ကျောက်စုရပ်ကွက်ရှိ AAA ၏ ဆီသိုလှောင်ကန်အတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျ‌ရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် နမ့်လန်တွင်လည်း သြဂုတ်လ (၁၆)ရက်နေ့က စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁)ဦး ထိမှန်ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးသွားကြောင်း သိရသည်။



 

သီပေါမြို့တွင် သြဂုတ်လ (၁)ရက်နေ့မှ (၁၉)နေ့အထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၄)ဦး သေဆုံးပြီး (၄၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News