ထိုင်းနိုင်ငံ၊ နခေါပထုန်ခရိုင်၊ ဆန်ဖန်မြို့နယ်၊ ကထထုန့်ဘန်ရပ်ကွက်တွင် ရွေ့ပြောင်းမြန်မာလုပ်သားများမှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ ညပိုင်းတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခြင်းအဖြစ် ကမ်ပိန်းကို စုပေါင်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ဆန့်ကျင်ကန့်ကွက်ခြင်း ကမ်ပိန်းသို့ ဆန်ဖန်မြို့နယ်မှ Excel Packaging & Excel Super Pack စက်ရုံနှင့် အခြားစက်ရုံများတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများမှ ပါဝင်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ဝေယံ(ထိုင်းနိုင်ငံ)