သံဖြူဇရပ်မြို့နယ် ရဲတံခွန်ရွာသစ် ဘုန်းကြီးကျောင်းအနီး ခေတ္တနားနေသည့် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

သံဖြူဇရပ်မြို့နယ် ရဲတံခွန်ရွာသစ် ဘုန်းကြီးကျောင်းအနီး ခေတ္တနားနေသည့် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ရွာသစ် ဘုန်းကြီးကျောင်းအနီးတွင် ခေတ္တနားနေသည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ် ရဲတံခွန်ရွာသစ် ဘုန်းကြီးကျောင်းအနီးတွင် ခေတ္တနားနေသည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးအင်အားစုများက ၂၀၂၄ခုနှစ် သြဂုတ်လ (၁၈) ရက်နေ့ နံနက် (၉) နာရီတွင် ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦး သေဆုံးပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တုံ့ပြန်ခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးအင်အားစုများဘက်က ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား တောင်ညိုစစ်ကြောင်းနှင့် KNLA တပ်ရင်း (၂၇)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Taung Nyo Column - P29906