မြင်းမူမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

မြင်းမူမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း Black Eagle Defence Force-MMU အဖွဲ့က ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာ အနောက်ဘက်သို့ ကင်းပုန်းထွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သြဂုတ်လ (၉)ရက်နေ့ ညနေ (၄) နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် ဗုံးသီး (၁၆)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ (၉)ရက်နေ့ ည (၈)နာရီဝန်းကျင်တွင်လည်း မြောင်လမ်းခွဲ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေးအင်အားစုများမှ ဗုံးသီး (၁၂)လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် သြဂုတ်လ (၁၀)ရက်နေ့ နံနက် (၉)နာရီဝန်းကျင်တွင် မြောင်လမ်းခွဲ စစ်ကောင်စီအထိုင်စခန်းမှ ကင်းပုန်းထွက်လာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများမှ ဗုံးသီး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့က ဆိုသည်။

ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာ ရဲကင်းစခန်းအား အင်အားဖြည့်တင်းရန်ရောက်ရှိလာသည့် အင်အား (၅၀)ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၎င်းတို့ ငါန်းမြာကြီး ရဲစခန်းအနောက်ဘက်တွင် သောက်စားနေချိန်တွင် တော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ငါန်းမြာကြီးကျေးရွာ ရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သြဂုတ်လ (၁၀)ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် ဗုံးသီး (၁၄)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးခဲ့ပြီး ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘန်ကာလည်း ပျက်စီးသွားကြောင်း Black Eagle Defence Force-MMU အဖွဲ့က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးများအား မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်သော မြင်းမူမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် ပကဖ၊ Black Eagle Defence Force-MMU၊ Black Eagle Drone Force ၊ မြင်းမူမြို့နယ် ပလဖ၊ Farmer Revolution Force-CHU( မုံရွာခရိုင်တပ်ရင်း -၈)၊ TGYR-YouthGueerrillaCounterRevolution-(ငါန်းဇွန်)၊ Wings Of KSU(ကျောက်ဆည်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃)၊ 925 ပြောက်ကျားတပ်ဖွဲ့ နှင့် ဒေသခံ ပကဖ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency