သပိတ်ကျင်းမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲမတိုင်မီ ရဲတပ်သားနှစ်ဦး တော်လှန်ရေးအင်အားစုများထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့

သပိတ်ကျင်းမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲမတိုင်မီ ရဲတပ်သားနှစ်ဦး တော်လှန်ရေးအင်အားစုများထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲစခန်းအား တော်လှန်ရေးအင်အားစုများက မသိမ်းပိုက်မီ ရဲတပ်သားနှစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်ကြောင်း ကျောင်းသားတပ်မတော် (ABSDF) မှာ ၂၀၂၄ခုနှစ် သြဂုတ်လ (၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲစခန်းအား တော်လှန်ရေးအင်အားစုများမှ စစ်ဆင်ရေးမစတင်ခင် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် အဆိုပါ ရဲတပ်သားနှစ်ဦးသည် ရရာလက်နက်နှင့်အတူ ကျောင်းသားတပ်မတော်(ABSDF) ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ABSDF အနေဖြင့် အလင်းဝင်ရဲတပ်သားနှစ်ဦးအား လေးစားစွာမှတ်တမ်းတင် ဂုဏ်ပြုကြောင်းနှင့် ကျန်ရှိနေသေးသည့် စစ်ကောင်စီလက်အောက်ခံများကိုလည်း နီးစပ်ရာတော်လှန်ရေးအင်အားစု အသီးသီးထံ အလင်းဝင်ရောက်ကြရန် တိုက်တွန်းထားသည်။

သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲစခန်းအား ABSDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲတပ်သားနှစ်ဦး အလင်းဝင်ပြီး  (၆)ရက်အကြာ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။

#TachileikNewsAgency

Photo: ABSDF