တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါသည့်ကားအား တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာသည့် စစ်ကောင်စီတပ်သား (၄)ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း Ye Phyu PDF က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့်ကားကို ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှု (၁၅)မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၄)ဦးသေဆုံးပြီး တစ်ဦးထွက်ပြေးလွတ်မြောက်သွားကာ ၎င်းတို့ထံမှ MA-3 (၄)လက်၊ ကျည်ဘောက် (၁၂)ခု၊ အီနာဂါဗုံးသီး (၇)လုံး၊ လက်ပစ်ဗုံး (၄)လုံး၊ ကျည်(၄၀၀)တောင့်နှင့် ဖုန်း(၂)လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ရေဖြူမြို့နယ် PDF ထံမှ သိရသည်။
တိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်တပ်ခွဲ (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency