ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်ရန် ချေမှုန်းမည်ဟု AA အသိပေး

ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်ရန် ချေမှုန်းမည်ဟု AA အသိပေး

ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်ရန်အတွက် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့တိုင်းကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၇)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ရခိုင်ဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပွားလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေပြီး အကြမ်းဖက်မူဆလင်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ရန် အားပေးအားမြောက်ပြုလုပ်နေသည်ဟုလည်း ဆိုသည်။

စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော ဘာသာရေးအစွန်းရောက် မူဆလင်များနှင့် စစ်ကောင်စီ၏ အားပေးကူညီ ထောက်ပံ့မြှောက်ပင့်ထားသော အစ္စလာမ်အစွန်းရောက်များသည် မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ကျူးလွန်ခွင့်လိုင်စင်ရထားသကဲ့သို့ အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

မူဆလင်မဟုတ်သော လူနည်းစုမျိုးနွယ်များဖြစ်သည့် ခမီ၊ မြို၊ ဟိန္ဒူလူမျိုးများသာမက ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်လိုကြသော မူဆလင်များမှာ ဘာသာရေးအစွန်းရောက် မူဆလင်များ၏ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုနှင့် အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမိုရင်ဆိုင်လာရကာ လူနည်းစုများ ဆက်လက်နေထိုင်ခွင့်မရရန် လုပ်ဆောင်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်လာသည်ဟု ထုတ်ပြန်ထားသည်။ 

မောင်တောမြို့တွင်မူ စစ်ကောင်စီတပ်စခန်း နှစ်ခုသာကျန်တော့သော်လည်း စစ်ကောင်စီသည် ဒေသခံများကို မြို့တွင်းမှ ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်ပြုလုပ်ကာ နေအိမ်များတွင် အခိုင်အမာတပ်စွဲ၍ အကြမ်းဖက်မူဆလင် အဖွဲ့များနှင့်အတူ ခုခံခြင်း၊ အကြမ်းဖက်မူဆလင်များ၏ အကြမ်းဖက်လုပ်ရပ်ကို အားပေးအားမြှောက်ပြုလုပ်ခြင်းများကို လုပ်ဆောင်နေသည်ဟု ထုတ်ပြန်သည်။

ဘူးသီးတောင်၊ မောင်တောမြို့ရှိ စခန်းများမှ စခွန့်ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း စစ်ကောင်စီမှ လက်သပ်မွေးထားသည့် မူဆလင်များက ၎င်းတို့ပိုင်စက်လှေများဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ပို့ဆောင်ခြင်း၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်အင်အားအပို့ဆောင်ခြင်း၊ စစ်ရေးတွင်အသုံးပြုခြုင်းတို့ကို လုပ်ဆောင်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk