မိုးကုတ်မြို့ကို သိမ်းပိုက်ရာ နိုင်ကျဥ်း ၁၄ ဦးပြန်လွတ်

မိုးကုတ်မြို့ကို သိမ်းပိုက်ရာ နိုင်ကျဥ်း ၁၄ ဦးပြန်လွတ်

မန္တလေးတိုင်း မိုးကုတ်မြို့ကိုသိမ်းပိုက်ရာ မိုးကုတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသား(၁၄)ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား (၁၄)ဦးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာမှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် လွဲပြောင်းလက်ခံယူခဲ့သည်ဟု မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားသည်။

မိုးကုတ်မြို့ရှိ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင်လ (၂၄)ရက်နေ့တွင် TNLA နှင့် ပူးပေါင်းတပ်များက အလုံးစုံသိမ်းပိုက်နိုင်ခဲ့ရာ မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၃၀)ဦးကို ဖမ်းမိကာ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

မိုးကုတ်တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter ဖြင့် (၂၁)ကြိမ်၊ Y-12 လေယာဥ်ဖြင့် (၉)ကြိမ်၊ လက်နက်ကြီးဖြင့် (၇၈)ကြိမ်နှင့် အတွဲလိုက်ဒုံး (၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ အရပ်ဖက်သို့ ဦးတည်တိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ အမျိုးသား(၁၄)ဦး၊ အမျိုးသမီး (၈)ဦးနှင့် ကလေး (၉)ဦး သေဆုံးခဲ့ပြီး (၅၉)ဦး ဒဏ်ရာရကာ ဘုန်းကြီးကျောင်း (၄)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်းနှင့် လူနေအိမ် (၂၉)လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency