သံတောင်မြို့ရှိ ခလရ ၆၀၄ တပ်မှ တပ်သား နှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

သံတောင်မြို့ရှိ ခလရ ၆၀၄ တပ်မှ တပ်သား နှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ကရင်ပြည်နယ် သံတောင်ကြီးခရိုင် သံတောင်မြို့ရှိ ခလရ (၆၀၄) တပ်မှ တပ်သား နှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း တောင်ငူခရိုင်၊ တပ်မဟာ(၂)၊ တပ်ရင်း(၅) လက်အောက်ခံ People Defence Force Thandaung မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သံတောင်မြို့ရှိ ခလရ (၆၀၄)တပ်မှ တပ်သား (၂)ဦး ဇူလိုင်လအတွင်း တပ်ပြေးချိန်တွင် PDF Thandaung စစ်ကြောင်းမှ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သား (၂)ဦးထံမှ MA-1 သေနတ်တစ်လက်၊ MA ကျည် (၆၀၀)တောင့်၊ MA ကျည်ဘောက် (၆)ခု၊ MA-5 သေနတ်တစ်လက်၊ 9mm ကျည် (၁၀)တောင့် ၊ MA-5 magazine နှစ်ခု နှင့် လက်ပစ်ဗုံး (၂)လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့နှင့် (၁၇)ရက်တို့တွင်လည်း တောင်ငူ-လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းအား PDF Thandaung အဖွဲ့မှ စနိုင်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၂၂)ရက်နေ့တွင် လိပ်သိုမှ တောင်ငူသို့ထွက်လာသည့် အင်အား (၂၀၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား တောင်သူ-လိပ်သို လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး (၄၀)မမဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးများရှိခဲ့ကြောင်း PDF Thandaung အဖွဲ့မှ ဆိုသည်။

#TachileikNewsAgency

Photo: People Defence Force - Thandaung