သပိတ်ကျင်းမြို့နယ်မှ အင်းနက်စခန်းအား သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၈ ဦးကို ဖမ်းမိ

သပိတ်ကျင်းမြို့နယ်မှ အင်းနက်စခန်းအား သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၈ ဦးကို ဖမ်းမိ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အင်းနက်ရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းကို တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား (၈)ဦးသေပြီး (၈)ဦးဖမ်းဆီးရမိသည်ဟု အမှတ်(၁)စစ်ဒေသထံမှ သိရသည်။

အင်းနက်ရွာစစ်ကောင်စီဂိတ်တွင် ဒု-အရာခံဗိုလ် ရွှေသိန်း ဦးစီး တတက(၁၃) ထုတ်နုတ်အင်အား (၁၆)ဦးရှိသည့် ဂိတ်နှင့် စခန်းကုန်းအား အထူးလှုပ်ရှား တပ်ရင်း(၃)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်က တပ်ကြပ်ကြီး(၅)ဦးနှင့် တပ်ကြပ်(၃)ဦး သေဆုံးပြီး ဒု-အရာဗိုလ် ရွှေသိန်း၊ တပ်ကြပ်ကြီး(၄)ဦးနှင့် တပ်ကြပ် (၃)ဦးတို့ကိုဖမ်းဆီးရမိကာ လက်နက်ငယ် (၂၃)လက်၊ ကျည်မျိုးစုံ (၃၃၇၉)တောင့်၊ လက်ပစ်ဗုံး (၄)လုံး၊ ရှေ့ထွက်မိုင်း (၁)လုံးနှင့် ကျည်အိမ် (၉၉)ခုတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: အမှတ်(၁)စစ်ဒေသ