ကရင်ပြည်နယ်ရှိ ဂဠုန်စစ်ကြောင်း သင်တန်းဆင်းပွဲ TNLA တက်ရောက်

ကရင်ပြည်နယ်ရှိ ဂဠုန်စစ်ကြောင်း သင်တန်းဆင်းပွဲ TNLA တက်ရောက်

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်ရှိ KNU တပ်မဟာ(၆)တွင်ပြုလုပ်သည့် ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် (၉၉၀၈)၏ အမှတ်စဉ်(၅) သင်တန်းဆင်းပွဲကို TNLA ခေါင်းဆောင် တက်ရောက်ကြောင်း သိရသည်။

ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ်(၉၉၀၈)က ဦးစီး၍ မဟာမိတ်စစ်ကြောင်း ရဲဘော်များ ပါဝင်တက်ရောက်သော အပတ်စဉ်(၅)အခြေခံစစ်ပညာသင်တန်းကို ၂၀၂၄ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ (၃)လကြာပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲကို ဇူလိုင်လ (၁၄)ရက်နေ့တွင် ကျုံးဒိုးမြို့နယ် တပ်မဟာ (၆) KNDO တပ်ရင်း(၆)၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မွန်ပြည်သစ်ပါတီ (NMSP-AD)မှ ဗိုလ်မှူးကြီး နိုင်အိမ့်ချမ်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(TNLA)မှ ဗိုလ်မှူးကြီး တာဆငည်းလေး (ပြင်ပ မဟာမိတ်စစ်ရေးတာဝန်ခံ)၊ ကရင် အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း (၆) တပ်ရင်းမှူး မန်းဂျော်နီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် (၉၉ဝ၈)၏ ဒုစစ်ကြောင်းမှူး စိုးဝင်းတို့တက်ရောက်သည်ဟု သိရသည်။

TNLA သည် AA၊ MNDAA တို့နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်အဖြစ်ပါဝင်ပြီး ရှမ်းမြောက်တွင် စစ်ရေးဖော်ဆောင်နေကာ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အတူလည်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency