မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် လေးရွာဆုံပျူရွာအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် လေးရွာဆုံပျူရွာအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် လေးရွာဆုံပျူရွာအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း Anyar Federal Task Force (AFTF) မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် လေးရွာဆုံပျူရွာအား ဇူလိုင်လ (၂၈) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ Shar Htoo Waw နည်းပညာသုံး Fixed Wing drone များဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ပြီး ၆၀မမ စိန်ပြောင်းနှင့် (၄) ချက် ကောင်တာပြန်လည်ပစ်ခက်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း Anyar Federal Task Force (AFTF) က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား Anyar Federal Task Force(AFTF)၊ Freedom Fighter Guerrilla Force (FFGF) နှင့် 8 Stars အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency