ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီးအား ရှေ့ထွက်ပြောင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီးအား ရှေ့ထွက်ပြောင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်ဘက်မှ မုံရွာဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီးအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှေ့ထွက်ပြောင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ကြောင်း Peace Takers Task Force မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်ဘက်မှ မုံရွာဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘော (၂)စီးအား ဇူလိုင်လ (၅)ရက်နေ့ ညနေ (၅) နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရှေ့ထွက်ပြောင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် ရေယာဉ်ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Peace Takers Task Force အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား Peace Takers Task Force–PTTF နှင့် The Brightness Monywa အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency