မိုးကုတ်ကို စစ်ကူသွားမည့် စစ်ကောင်စီထောက်ပို့ယာဉ်များနှင့် တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးရမိ 

မိုးကုတ်ကို စစ်ကူသွားမည့် စစ်ကောင်စီထောက်ပို့ယာဉ်များနှင့် တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးရမိ 

မန္တလေးတိုင်း မိုးကုတ်မြို့ရှိ တိုက်ပွဲသို့ စစ်ကူသွားရောက်မည့် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်(၃)စီးနှင့် စစ်ကောင်စီတပ်သား (၄)ဦးကို ဖမ်းဆီးရမိထားကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ ထံမှ သိရသည် ။

ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် မိုးကုတ်မြို့သို့ စစ်ကူသွားရောက်မည့် စစ်ကောင်စီ၏ ထောက်ပို့ယာဥ် (၃)စီးနှင့် တပ်ဖွဲ့ဝင် (၄)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့် ကားများမှာ လက်နက်ခဲယမ်းများသယ်ဆောင်လာသော ကားတစ်စီး၊ အငှားယာဥ်တစ်စီးနှင့် လိုက်ထရပ်ကားတစ်စီးတို့ဖြစ်သည်ဟု သိရသည်။

အသေးစိတ်အချက်အလက်ကိုမူ ပြင်ဦးလွင်ခရိုင်ပကဖ က ထုတ်ပြန်ခြင်းမရှိသေးပါ။

#TachileikNewsAgency