ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပစ်ခတ်ရှင်းလင်း

ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးလုပ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပစ်ခတ်ရှင်းလင်းကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းမှ သတင်းထုတ်ပြန်သည်။

ပေါက်ခေါင်းမြို့နယ် တောင်လည်ရွာတွင် နေထိုင်သည့် တောင်လည်ရွာမီးသတ်တပ်ဖွဲ့ဝင် စစ်ကောင်စီသတင်းပေးတစ်ဦးအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ၂၀၂၄ခုနှစ် ဇွန်လ (၁၅) ရက်နေ့ နေ့လယ် (၂)နာရီခန့်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

၎င်းသည် တောင်လည်ရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တော်လှန်ရေးတပ်ဖွဲ့များ၏ ထောက်ပို့နှင့် တပ်ဖွဲ့ဝင်မိသားစုများ ဖမ်းဆီးခံရအောင် စစ်ကောင်စီထံ သတင်းပေးပို့ခြင်း၊ ကျေးရွာအတွင်း နေထိုင်၍မရအောင် စစ်ကောင်စီအား သတင်းပေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို စောင့်ကြည့် သတင်းပေးခြင်းနှင့် စစ်ကောင်စီနှင့်အတူ လမ်းပြအဖြစ်လိုက်ပါခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းမှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို PPDF-၃၆၀၁ တပ်ရင်း တပ်ခွဲ (၄)၊ တပ်ခွဲ (၅)၊ ရွှေတောင် (ပကဖ)နှင့် ပေါက်ခေါင်း  (ပကဖ)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency