တောင်ကုတ်မြို့ ကံဆိပ်ရွာ ဗုံးကြဲခံရပြီး အမျိုးသမီး ၂ ဦးသေဆုံး

တောင်ကုတ်မြို့ ကံဆိပ်ရွာ ဗုံးကြဲခံရပြီး အမျိုးသမီး ၂ ဦးသေဆုံး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကံဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၁၈)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ အမျိုးသမီး(၂)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားသူနှစ်ဦးမှာ အသက်(၁၅)နှစ်ဝန်းကျင် မိန်းကလေး(၂)ဦးဖြစ်ပြီး ဒဏ်ရာရသူများလည်းရှိကာ နေအိမ်တချို့လည်း ပျက်စီးသွားကြောင်း သိရသည်။

အခြေအနေအသေးစိတ်ကို Tachileik News Agency အနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးသူ (၄)ဦးအထိရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်က တောင်ကုတ်မြို့မှ ဒေသခံများကိုလည်း အပြင်ထွက်ခွင့်မရရန် လမ်းကြောင်းများ ပိတ်ဆို့ထားသည်။

 

တောင်ကုတ်မြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ဇွန်လ(၁၅)ရက်နေ့ကစတင်ပြီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လမ်းများဖျက်ဆီးခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများနှင့် ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်။

#TachileikNewsAgency

Photo: CJ