ပေါက်မြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွား

ပေါက်မြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွား

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် ရွှေဘုံသာ ပျူစောထီးကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး-တပ်ခွဲ (၁)မှ သတင်းထုတ်ပြန်သည်။

ပေါက်မြို့နယ် ရွှေဘုံသာ ပျူစောထီးကျေးရွာမှ ထွက်ခွာလာသည့် တပ်မ (၁၀၁) လက်အောက်ခံ ၂၈၅ တပ်ရင်းနှင့် ပျူစောထီးပူးပေါင်းအင်အား (၁၅၀)ခန့်ပါ စစ်ကြောင်းနှင့် ၂၀၂၄ခုနှစ် ဇွန်လ (၁၅) ရက်နေ့ နေ့လယ် တစ်နာရီခွဲဝန်းကျင်တွင် ပေါက်မြို့နယ်မြောက်ပိုင်း၌ တစ်နာရီခွဲကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ တပ်ဖွဲ့ဝင်နှစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး NPRF နှင့် မြိုင်ပြည်သူ့ကာကွယ်တပ်ရင်း (၁) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency