ပြည်သူလူထုကို သရေပေါ်နေ သရေနားစားသူများဟု စစ်ခေါင်းဆောင်ပြောဆို

ပြည်သူလူထုကို သရေပေါ်နေ သရေနားစားသူများဟု စစ်ခေါင်းဆောင်ပြောဆို
ဇွန် 7, 2024 | 2021 Military Coup

ပြည်သူလူထုကို သားရေပေါ်အိပ် သားရေနားစားသူများဟုဆိုကာ နိုင်ငံကိုပျက်စီးအောင် နိုင်ငံသားများက ပြုလုပ်နေသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၇)ရက်နေ့တွင်ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် စွပ်စွဲပြောဆိုသည်။

တစ်နိုင်ငံလုံးတွင် စစ်ကြောင်းထိုး၊ လူသတ်၊ ရွာကိုမီးရှို့ခိုင်းနေသည့် စစ်ခေါင်းဆောင်က ၎င်းတို့လုပ်ရပ်ကို ဖုံးကွယ်ကာ နိုင်ငံကိုပျက်စီးအောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် နိုင်ငံသားများကပင် အဓိကပြုလုပ်ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့အပြင် ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်ကြသူများမှာ ဒေသတွင်နေထိုင်ကြသည့် ဒေသခံ အဖျက်သမားများဖြစ်သည်ဟု ပြောဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖြစ်ပေါ်နေသည့် အကြမ်းဖက်လုပ်ရပ်များကို အဆိုပါဒေသတွင်နေထိုင်ကြသူများက လုပ်ဆောင်

ခြင်းဖြစ်ကာ အခြားဒေသတွင် နေထိုင်သူများက လာရောက်လုပ်ဆောင်ခြင်းမရှိဟု ဆိုသည်။

ထို့အပြင် ပြည်သူများကို သားရေပေါ်အိပ် သားရေနားစားသူများဖြစ်ကြောင်း အရှက်မရှိပြောဆိုပြီး လူထုအားဖြင့် ကာကွယ်ထိန်းသိမ်းရန် လိုသည်ဟုလည်း ပြောသည်။

စစ်ကောင်စီဝင်များကိုလည်း ၎င်းတို့လုပ်ရပ်များအား ဖုံးကွယ်ရန် ရောက်ရာဒေသတွင် ၎င်း‌ပြောဆိုခဲ့သည့်အချက်ကို ပြည်သူလူထုသဘောပေါက်နားလည်ရန် ပြောဆိုပေးကြရန်လည်း စစ်ခေါင်းဆောင်က တိုက်တွန်းသွားသည်။

#TachileikNewsAgency