ကနီတွင် တော်လှန်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်

ကနီတွင် တော်လှန်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လ (၁၉)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ် လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်အဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း သိရသည်။



တိုက်ခိုက်မှုအတွင်း အင်အား (၁၇)ဦးပါသည့် ရဲတပ်ဖွဲ့ဘက်မှ သေဆုံးတပ်ဖွဲ့ဝင်၏ G3 တစ်လက်၊ G3 ကျည်(၉၀)တောင့်၊ G3 ကျည်ဘောက်(၃)ခု၊ ဖုန်းတစ် လုံး၊ စကားပြောစက်တစ်လုံး၊ စာရွက်စာတမ်းများ၊ ငွေ(၂)သိန်းကျပ်နှင့် ကျည်ကာတစ်ခုကို တော်လှန်ရေးအဖွဲ့ဘက်က ရရှိသွားကြောင်း သိရသည်။



အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကနီမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယာကြီးကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးကာ၊ တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။



#TachileikNewsAgency