ငါန်းဇွန်မြို့နယ် မြို့သာမြို့ပန်းခြံအနီး တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခံရ

ငါန်းဇွန်မြို့နယ် မြို့သာမြို့ပန်းခြံအနီး တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခံရ

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာမြို့ပန်းခြံအနီး တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ကြောင်း Youths Of Mandalay (Y.O.M) အဖွဲ့မှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ငါန်းဇွန်မြို့နယ် မြို့သာမြို့ပန်းခြံအနီး တပ်စွဲထားပြီး ငွေကြေးကောက်ခံခြင်း ၊ မူးယစ်ရမ်းကားခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အောက်တိုဘာလ (၆)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးသီး (၃) လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာသဖြင့် ရပ်ရွာထဲအထိ ရမ်းသမ်းပစ်ခတ်ကာ ဆဲဆိုကြိမ်းမောင်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း Youths Of Mandalay (Y.O.M) အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Youths Of Mandalay (Y.O.M)၊ မြင်းခြံခရိုင်တပ်ရင်း ၆၊ တပ်ခွဲ (၃)၊ မြင်းခြံခရိုင်တပ်ရင်း ၆၊ တပ်ခွဲ (၂) နှင့် ဧရာဝတီမင်းသားပြောက်ကျားအဖွဲ့တို့ ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Youths Of Mandalay (ပုံဟောင်း)