တနင်္သာရီမြို့နယ်အတွင်းရှိ ကြားကာလမြေပြင်စာသင်ကျောင်းများတွင် မူလတန်းအဆင့် ဆရာ၊ဆရာမများ မွမ်းမံသင်တန်းကျင်းပ

တနင်္သာရီမြို့နယ်အတွင်းရှိ ကြားကာလမြေပြင်စာသင်ကျောင်းများတွင် မူလတန်းအဆင့် ဆရာ၊ဆရာမများ မွမ်းမံသင်တန်းကျင်းပ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းရှိ ကြားကာလ မြေပြင်စာသင်ကျောင်းများတွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့ကဦးစီး၍ မူလတန်းအဆင့် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းကို ကျင်းပပြုလုပ်ကြောင်း သိရသည်။

မူလတန်းအဆင့် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းကို တနင်္သာရီမြို့နယ်တစ်နေရာတွင် ၂၀၂၄ခုနှစ် မေလ (၁၄)ရက်နေ့မှ မေလ (၁၉) ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ မေလ (၂၂)ရက်နေ့တွင် ထုတ်ပြန်သည်။

သင်တန်းတွင် မြေပြင်စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများက မူလတန်းအဆင့် သင်ကြားရေးဆိုင်ရာ ဘာသာရပ်အားလုံးကို နည်းပြဆရာ၊ ဆရာမများနှင့်အတူ ဆွေးနွေးသင်ယူခဲ့ကြောင်း သိရသည်။

သင်တန်းကာလပြီးမြောက်သည့်အခါ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီး ဂုဏ်ပြုလွှာများကို ဆရာ၊ ဆရာမများအား ပေးအပ်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ဆိုသည်။

၂၀၂၄ ခုနှစ် ဧပြီလအတွင်းတွင်လည်း တနင်္သာရီမြို့နယ်အတွင်း၌ မူလတန်းအဆင့် ဆရာ ၊ ဆရာမများ မွမ်းမံသင်တန်းကို (၄) ရက်ကြာပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမများအတွက် အရေးကြီးသည့် ပညာရေးစိတ်ပညာ ၊ ပညာရေးသဘောတရား၊ English ဘာသာရပ်အတွက် Classroom Language အသုံးပြုနည်းနှင့် အချိန်ဇယားရေးဆွဲနည်းများ သင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့