ဟား ၅ ကောင်အဖွဲ့မှ ကိုဝိုင်းကျော် ကွယ်လွန်

ဟား ၅ ကောင်အဖွဲ့မှ ကိုဝိုင်းကျော် ကွယ်လွန်
မေ 22, 2024 | 2021 Military Coup

စစ်ကောင်စီကိုဆန့်ကျင်ကာ အနုပညာဖြင့် တော်လှန်နေသည့် ဟား(၅)ကောင် လူရွှင်တော်အဖွဲ့မှ ကိုဝိုင်းကျော်သည် ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၂)ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ကိုဝိုင်းကျော်သည် အသည်းခြောက်သည့် ရောဂါဖြင့် ယနေ့ ထိုင်းစံတော်ချိန် နေ့လယ်(၁၂)နာရီခန့်တွင် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီး၌ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ကိုဝိုင်းကျော်အပါအဝင် ဟား(၅)ကောင်အဖွဲ့သည် ဆန္ဒပြပွဲများတွင်ပါဝင်ပြီး စစ်ကောင်စီကို ဆန့်ကျင်ကြောင်း အစဥ်တစိုက် ပြောဆိုလာခဲ့သူများဖြစ်သည်။

စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခြင်းကြောင့် လွတ်မြောက်နယ်မြေ တစ်နေရာ၌ သွားရောက်ခိုလှုံခဲ့ပြီးနောက် စစ်ကောင်စီကို အနုပညာဖြင့် ဆက်လက်တော်လှန်နေသည့် လူရွှင်တော်အဖွဲ့ဖြစ်သည်။

#TachileikNewsAgency