စစ်ကိုင်းတွင် ကြေးနီလမ်းကြောင်း လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတွင် ကြေးနီလမ်းကြောင်း လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တွင် ကြေးနီလမ်းကြောင်း လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အနီးကပ်ပစ်ခတ်တိုက်ခိုက်ကြောင်း Generation Z Power – GZP (Mandalay) အဖွဲ့မှ ၂၀၂၄ခုနှစ် ဇွန်လ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကျေးရွာတွင် ကြေးနီလမ်းကြောင်းလုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇွန်လ (၁) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း GZP အဖွဲ့မှ ဆိုသည်။

တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး M-22 တစ်လက်၊ M 4 ကာဘိုင်တစ်လက် နှင့် Hijet ကားတစ်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ BRA အဖွဲ့ နှင့် Taw Twin Tup Pee Local အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းများနှင့် ၎င်းတို့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အခွင့်အရေးရသလို ပျောက်ကြားတိုက်ခိုက်ခြင်း ၊ မိုင်းဆွဲခြင်းများပြုလုပ်လျှက်ရှိကာ ယခုတိုက်ခိုက်မှုသည် ဇွန်လသုံးရက်အတွင်း (၂) ကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : Generation Z Power(ပုံဟောင်း)