ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီး ရွှေညောင်ပင်ကျေးရွာမှ စစ်ကောင်စီတပ်၏ ခလရ (၃၂၁)တပ်စခန်းတိုက်ပွဲတွင် တိုက်လေယာဉ်တစ်စီးကို KIA က ပစ်ချလိုက်ကြောင်း သိရသည်။
အဆိုပါတပ်စခန်းကို ကချင်လွတ်လပ်ရေတပ်မတော်(KIA)နှင့် KPDFက ယနေ့ ၂၀၂၄ခုနှစ် မေလ(၁၈)ရက်နေ့ နံနက်ပိုင်းမှစတင် ထိုးစစ်ဆင် တိုက်ခိုက်နေရာ ဗုံးလာကြဲသည့် စစ်ကောင်စီတိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
"ရွှေညောင်ပင် ခလရ(၃၂၁)တပ်တိုက်ပွဲမှာ တိုက်လေယာဉ်တစ်စီး ပစ်ချနိုင်တာ အတည်ပြုပါတယ်။ မနက်(၁၀)နာရီလောက်မှာပါ။"ဟု KIA ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
KIA သည် ယနေ့နံနက်ပိုင်းတွင် ရွှေညောင်ပင် ဂါးရာယန်၊ မြစ်ကြီးနား-လိုင်ဇာလမ်း၊ ကဇူး၊ ဒဘတ်တပ်စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
ထို့အပြင် မိုးမောက်နှင့် မံစီမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်ပြီး နေအိမ်အများအပြား ပျက်စီးကာ ဒေသခံများ ထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။
KIA သည် မတ်လ (၇)ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့အထိ စစ်ကောင်စီတပ်စခန်း(၁၀၀)ဝန်းကျင်ကို သိမ်းပိုက်ထားသည်။
#TachileikNewsAgency
Photo: မံစီနှင့် မြစ်ကြီးနား ပမ္မတီးရပ်ကွက်ရှိ နေအိမ်များ ထိခိုက်ပျက်စီးမှု မြင်ကွင်း