BPLA တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနား KNLA ဒုစစ်ဦးစီးချုပ် စောဘောကျော်ဟဲနှင့် ရက္ခိုင့်တပ်တော် AA မှ ဗိုလ်ကြီး ကျော်ဇံတို့ တက်ရောက်

BPLA တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနား KNLA ဒုစစ်ဦးစီးချုပ် စောဘောကျော်ဟဲနှင့် ရက္ခိုင့်တပ်တော် AA မှ ဗိုလ်ကြီး ကျော်ဇံတို့ တက်ရောက်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားကို အမှတ်(၁၀၇)စစ်ဒေသတွင် ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မဟာမိတ်ခေါင်းဆောင်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် အာရက္ခတပ်တော်(Arakan Army) အမှတ် (၉၀၉) စစ်ဒေသမှ စခန်းမှုး ဗိုလ်ကြီး ကျော်ဇံတို့ တက်ရောက်ပြီး အားပေးစကားပြောခဲ့ကြောင်း BPLA၏ ထုတ်ပြန်ချက်အရသိရသည်။

အခမ်းအနားကို BPLA တပ်မှူးများ၊ အပတ်စဉ်(၆) သင်တန်းဆင်း ရဲဘော်များ ၊ အပတ်စဉ် (၇) စုဆောင်းရေးရဲဘော်များ၊ မဟာမိတ်ခေါင်းဆောင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး ရဲဘော်အများစုသည် ရှေ့တန်းစစ်မြေပြင်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြရသည့်အတွက် မတက်ရောက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

BPLA သည် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့် သက်ဆိုင်ရာစစ်ဒေသအလိုက် ပူးပေါင်းတိုက်ပွဲဝင်နေသော တပ်ဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: Bamar People's Liberation Army - BPLA