ရန်ကုန်တွင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ၃၆ နှစ်ပြည့် စာသားချိတ်ဆွဲ 

ရန်ကုန်တွင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ၃၆ နှစ်ပြည့် စာသားချိတ်ဆွဲ 

ရှစ်လေးလုံး အရေးတော်ပုံ (၃၆)နှစ်ပြည့်သည့်‌ ယနေ့ ၂၀၂၄ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) ရဲဘော်များမှ ရန်ကုန်မြို့တနေရာတွင် “၈၈၈၈”စာသားကို ချိတ်ဆွဲကြောင်း သိရသည်။ 

အလဲလဲအပြိုပြိုဖြင့် အားနည်းကျရှုံးနေပြီဖြစ်သည့် မင်းအောင်လှိုင် စစ်အုပ်စုလက်အောက်မှ တပ်မတော်သားများ အမြန်ဆုံးရုန်းထွက်၍ ပြည်သူနှင့်ပူးပေါင်းရန် နှိုးဆော်သတိပေးသည့် စာကိုလည်း ပူးတွဲချိတ်ဆွဲ၍ လှုပ်ရှားခဲ့ကြောင်း သိရသည်။

အဆုံးသတ်အောင်ပွဲနှင့် ပန်းတိုင်ရောက်သည်အထိ ရှစ်လေးလုံး အရေးတော်ပုံကြီးအပါအဝင် ခေတ်အဆက်ဆက် ပေးဆပ်ခဲ့ကြသူ အာဇာနည်အပေါင်းတို့၏ သွေးခင်းလမ်းပေါ်တွင် "လူထုအောင်ပွဲ" ရသည်အထိ ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းကြရန် ပြည်သူတရပ်လုံးကိုလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု-AJAY ကတိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon - AJAY