ယင်းမာပင်မြို့နယ် စည်လှောင်ရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနှင့်ပစ်ခတ်ရာ အရပ်သား ၄ ဦးသေဆုံး ၁၀ဦးခန့်ဒဏ်ရာရ

ယင်းမာပင်မြို့နယ် စည်လှောင်ရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနှင့်ပစ်ခတ်ရာ အရပ်သား ၄ ဦးသေဆုံး ၁၀ဦးခန့်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စည်လှောင်ရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၁၃)ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ အရပ်သား(၄)ဦး သေဆုံးပြီး (၁၀)ဦးခန့် ဒဏ်ရာရကြောင်း သိရသည်။

အောင်ဇေယျမြို့သစ်ရှိ စစ်ကောင်စီတပ်စခန်းမှ စည်လှောင်ရွာကို လက်နက်ကြီးနှင့်ပစ်ခတ်ရာ အမျိုးသမီး(၃)ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ(၁၀)ဦးခန့်ရှိကြောင်း ယင်းမာပင်မြို့နယ် သတင်းနှင့်ပြန်ကြားရေးက ဖော်ပြထားသည်။

ယနေ့ နံနက်ပိုင်းကလည်း နမခမှလာသော စစ်ကား(၄)စီးသည် အောင်ဇေယျမြို့သစ်မှတဆင့် ဘန့်ဘွေးရွာ ပျူစောထီးစခန်းဘက်သို့ စစ်ကြောင်းထိုးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး