ရဲတပ်ဖွဲ့ဝင် ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ

ရဲတပ်ဖွဲ့ဝင် ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ
မတ် 12, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးနှင့် ဖားဆောင်းမြို့မရဲစခန်းမှ ရဲ(၄)ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)က ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် G3 တစ်လက်၊ ကျည်ဘောက် (၆)ခု၊ G3 ကျည်ဆံ (၇.၆၂) (၃၃၀) တောင့်တို့နှင့်အတူ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သား(၃)ဦးတို့သည် Ak-M22 (၃)လက်၊ G3 တစ်လက်၊ AK-M22 ကျည်ဘောက် (၁၀)ခု၊ AK ကျည် (၅၅၀)ခန့်၊ လက်ပစ်ဗုံး (၁၀)လုံး၊ G3 ကျည်ဘောက် (၃)ခု၊ G3 ကျည်ဆံ (၁၀၀)ခန့်နှင့်အတူ ၂၀၂၄ခုနှစ် မတ်လ (၃)ရက်နေ့တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု သိရသည်။

အလင်းဝင်လာသော ရဲတပ်ဖွဲ့ဝင် (၅)ဦးကို လုံခြုံစိတ်ချရသော လွတ်မြောက်နယ်မြေတစ်ခုသို့ ပို့ဆောင်ထားပြီးဖြစ်ကာ CDM ပြုလုပ် အလင်းဝင်လိုသော စစ်သားနှင့် ရဲတပ်သားများ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်စုံစမ်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Bawlakhe PDF