တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီ၏ အောင်သာဝရစခန်းကို KNLA သိမ်း

တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီ၏ အောင်သာဝရစခန်းကို KNLA သိမ်း

တနင်္သာရီတိုင်း တနင်္သာမြို့နယ်တွင် သက်တမ်း(၂၇)နှစ်ကြာ တပ်စွဲထားသည့် စစ်ကောင်စီ၏ အောင်သာဝရစခန်းကို ၂၀၂၄ ခုနှစ် ဇွန်လ (၁၄)ရက်နေ့က သိမ်းပိုက်လိုက်ကြောင်း KNU က သတင်းထုတ် ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က အဆိုပါတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တပ်စခန်းအတွင်းရှိ စစ်ကောင်စီတပ်သား (၅၀)ဦးခန့် သေဆုံးသည်ဟု ဆိုသည်။

စခန်းအတွင်းမှ (၁၂၀)မမ၊ (၈၁)မမ၊ (၆၀)မမများ၊ လက်နက်ငယ်များနှင့် RPG များကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တပ်စခန်းသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ KNLA တပ်ရင်း (၇) ဆေးရုံတစ်ခုကို တိုက်လေယာဉ်နှင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် သူနာပြုတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း သေဆုံးသွားသည်ဟု သိရသည်။

အောင်သာဝရတပ်စခန်းသည် တနင်္သာရီမြစ်ဘေးတွင်ရှိပြီ ၁၉၉၇ ခုနှစ်ကပင် ဝင်ရောက်တပ်စွဲနေပြီး စစ်ကောင်စီ၏ ခလရ(၂၈၅)တပ်က တပ်စွဲထားခြင်းဖြစ်သည်။

#TachileikNewsAgency