လှိုင်သာယာမြို့နယ်တွင်းရှိ Xi Yan တရုတ်စားသောက်ဆိုင် ဗုံးကွဲ

လှိုင်သာယာမြို့နယ်တွင်းရှိ Xi Yan တရုတ်စားသောက်ဆိုင် ဗုံးကွဲ
ဖေဖော်ဝါရီ 22, 2024 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ Xi Yan တရုတ်စားသောက်ဆိုင်ကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေသည်ဟုဆိုကာ Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့က ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလ(၂၁)ရက်နေ့၏  ည(၈)နာရီကျော်အချိန်တွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်အခြေပိုင်း ထပင်ရွှေထီးလမ်း ရွှေညောင်ပင်မှတ်တိုင်အနီးရှိ Xi Yan တရုတ်စားသောက်ဆိုင်ကို Dark Shadow တပ်ဖွဲ့နှင့် GOD အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ထိခိုက်မှုရှိ၊ မရှိကိုမူ မသိရသေးဟု သိရသည်။

အဆိုပါ စားသောက်ဆိုင်သည် စစ်ကောင်စီတပ်သားများ စုစည်းရာ နေရာဖြစ်ပြီး ရပ်ကွက်အတွင်းရှိ ပျူစောထီးများနှင့်ပူးပေါင်းကာ တော်လှန်ရေးရဲဘော်များ၏ သတင်းကို စုဆောင်းဖလှယ်ရာ နေရာ ဖြစ်သဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

Dark Shadow တပ်ဖွဲ့သည် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ကလည်း လှိုင်သာယာမြို့နယ် အနောက်ပိုင်း စုပေါင်းရုံးအနီးနှင့် ရဲတပ်ရင်း(၉)တို့အား ဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။