စစ်တွေမြို့တွင် စစ်ကောင်စီက ဆက်သွယ်ရေး ဖုန်းလိုင်းများ ဖြတ်တောက်ထား

စစ်တွေမြို့တွင် စစ်ကောင်စီက ဆက်သွယ်ရေး ဖုန်းလိုင်းများ ဖြတ်တောက်ထား
ဖေဖော်ဝါရီ 17, 2024 | 2021 Military Coup| အခြားဒေသများ

 ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖုန်းလိုင်းများပြတ်တောက်သွားပြီး အဝေးရောက်မိသားစုဝင်များ ဖုန်းအဆက်အသွယ် မရတော့ကြောင်း ရန်ကုန်ရောက် ရခိုင်မိသားစုဝင်များထံမှ သိရသည်။

  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့က ဖုန်းလိုင်းတချို့ရရှိနေသော်လည်း ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် ဖုန်းလိုင်းများ ပြတ်တောက်သွားပြီဖြစ်ကြောင်း သိရသည်။

"မနေ့ကတော့ ဖုန်းလိုင်း‌တွေ ခဏပြန်ပျက်လိုက်၊ ရလိုက်နဲ့ပါ။ ဒီနေ့ကတော့ ဖုန်းဆက်လိုက်လို့ မရတော့ဘူး။"ဟု ရန်ကုန်ရောက် စစ်တွေ မြို့ဒေသခံ ရခိုင်မိသားစုဝင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်တွေမြို့အတွင်း ဖုန်းလိုင်းများအပြင် အင်တာနက်လိုင်းများပါ ပြတ်တောက်သွားပြီး မိသားစုဝင်များနှင့် အဆက်အသွယ်မရတော့ကြောင်း စစ်တွေမြို့မှ ရန်ကုန်ရောက်နေသည့် ရခိုင်မိသားစုဝင်တစ်ဦးက ပြောသည်။  

"စစ်တွေက အခြေနေ မကောင်းလို့ ပြောင်းရွေ့ကြဖို့ ပြောတာမျိုးတွေရှိတယ်။ ဒီလောက်အထိ မြန်မြန်ဆန်ဆန်နဲ့ အဆက်အသွယ်ပြတ် တောက်မယ် မထင်ထားမိဘူး။"ဟု စစ်တွေမြို့မျ တိမ်းရှောင်လာသည့် ရခိုင်မိသားစုဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်တွေမြို့ကို စစ်ကောင်စီတပ်များအားလုံး လက်နက်ချရန် ရက္ခိုင့်တပ်တော်က သတိပေးကြောင်း သတင်း ထွက်ပေါ်ခဲ့သည်။