မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို PDFနှင့် TNLAတို့ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၄ ဦးကို အရှင်မိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 

မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို PDFနှင့် TNLAတို့ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၄ ဦးကို အရှင်မိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 
နိုဝင်ဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းကုန်းတစ်ခုအား ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်းအားသိမ်းပိုက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၁၃)လက်နှင့် ဆက်စပ်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး အလောင်း(၁၅)လောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။

#TachileikNewsAgency

Photo : ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)