ဖြူးမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်က ၄ ဦးသေကာ လက်နက် ၄ လက်အား PDFက သိမ်းဆည်းရရှိ

ဖြူးမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်က ၄ ဦးသေကာ လက်နက် ၄ လက်အား PDFက သိမ်းဆည်းရရှိ

ပဲခူးတိုင်း ဖြူးမြို့နယ်၊ ‌ဆင်းမွတ်တောရွာအနီးတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဘက်က(၄)ဦးသေပြီး လက်နက်(၄)လက်အား ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း ကွန်မန်ဒိုတပ်ရင်း၊ ရိုးမ(၂)စစ်ကြောင်းထံမှ သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်ရာနေရာသို့ စစ်ကောင်စီလက်‌အောက်ခံ ရဲတပ်ဖွဲ့ဝင်(၄)ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦးတို့ ဆိုင်ကယ်(၃)စီးဖြင့် လက်နက်များကိုင်ဆောင်ကာ ဝင်ရောက်လာရာက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး (၄)ဦးသေပြီး တစ်ဦးလွတ်မြောက်သွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦးတွင် တောင်ငူအမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ် နေဝင်းထွန်းပါဝင်ပြီး ၎င်းတို့ထံမှ G-3 သေနတ် (၂)လက်၊ AK-47 သေနတ် (၁)လက်၊ ခြောက်လုံးပြူးသေနတ် တစ်လက်၊ 7.62mm ကျည် (၉၀)တောင့်၊ G-3ကျည် (၃၁)တောင့်၊ ၃၈၀ မဂ္ဂနပ်ကျည် (၁၅)တောင့်၊ ကျည်ကာတစ်ထည်၊ မှတ်ပုံတင်နှင့် တပ်ဖွဲ့ဝင်ကဒ်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထိ‌တွေ့တိုက်ပွဲအတွင်း ကွန်မန်ဒိုတပ်ရင်း၊  ရိုးမ(၂)စစ်ကြောင်းမှ ရဲဘော်တစ်ဦး နဖူးရှပ်ထိ(မစိုရိမ်ရ)ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency