ရေနံချောင်းမြို့နယ် ယာကြီးပြင်စစ်ကောင်စီတပ် ဂိတ်စခန်းအား တော်လှန်ရေးတပ်များ ဝင်ပစ်

ရေနံချောင်းမြို့နယ် ယာကြီးပြင်စစ်ကောင်စီတပ် ဂိတ်စခန်းအား တော်လှန်ရေးတပ်များ ဝင်ပစ်

မကွေးတိုင်း ရေနံချောင်းမြို့နယ် ယာကြီးပြင်စစ်ကောင်စီတပ် ဂိတ်စခန်းအား တော်လှန်ရေးတပ်များက ‌၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force(C.G.F)ထံမှ သိရသည်။

ရေနံချောင်းမြို့နယ် မြို့ရှောင်လမ်းမပေါ်ရှိ ယာကြီးပြင်စစ်ကောင်စီတပ် ဂိတ်စခန်းကို ယင်းနေ့ည (၁၁)နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ချိန်တွင် စခန်းအတွင်း စစ်ကောင်စီတပ်သား (၅)ဦးဝန်းကျင်သာရှိနေပြီး အနီးရှိ စစ်ကောင်စီတပ်၏ လှည့်ကင်းယာဉ် (၂)စီး စစ်ကူလာသောကြောင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်ချိန်မှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိ၊ မရှိကို မသိရသေးဟု ဆိုသည်။

တော်လှန်ရေးတပ်များ ဆုတ်ခွာပြီးနောက် စစ်ကောင်စီတပ်က (၁)နာရီဝန်းကျင်ကြာ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး တိုက်ခိုက်မှုကို ချောက်ပကဖ၊ မကွေးခရိုင် အမှတ်(၂) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Chauk Guerrilla Force(C.G.F)တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency