စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ဖန်ခါးကျင်းကျေးရွာအနီးတွင် အင်အား (၇၀)ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်ထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ကို ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ Anonymous Herosအဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ မိနစ်(၂၀)ခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီတပ်သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးရှိ ဖန်ခါးကျင်းရွာသို့ ပြန်လည်ဆုတ်ခွာသွားရာ ၎င်းတို့ဆုတ်ခွာသည့် လမ်းကြောင်းနေရာများအား ကာကွယ်ရေးတပ်များမှ လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်ခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး တော်လှန်ရေးတပ်များဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရသည်။
#TachileikNewsAgency