စစ်ကောင်စီအား ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ယူကေနှင့် ကနေဒါနိုင်ငံ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

စစ်ကောင်စီအား ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ယူကေနှင့် ကနေဒါနိုင်ငံ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး
စက်တင်ဘာ 26, 2023 | 2021 Military Coup

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့တွင် ယူကေနှင့် ကနေဒါနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယူကေနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် Barbara Woodwardနှင့်တွေ့ဆုံရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉)အား ချမှတ်ရာတွင် ယူကေနိုင်ငံ၏ ဦးဆောင်မှုအခန်းကဏ္ဍအား ကျေးဇူးတင်ကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်အုပ်စုအား လက်နက်တင်သွင်းမှု၊ လေယာဥ်ဆီတင်သွင်းမှုတို့အား ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ရေး ကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့သည်ဟု သိရသည်။

ထို့နောက် ဝန်ကြီးသည် ကနေဒါနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် Bob Raeနှင့်လည်း ဆက်လက်တွေ့ဆုံခဲ့ပြီး စစ်အုပ်စုအား ပိုမိုဖိအားပေး အရေးယူနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Ministry of Foreign Affairs - Myanmar - NUG