လောင်းလုံးမြို့နယ် အထက်တန်းကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များဝင်ပစ်

လောင်းလုံးမြို့နယ် အထက်တန်းကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များဝင်ပစ်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အထက်တန်းကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်ခဲ့သည့်နေရာသည် လောင်းလုံးမြို့နယ်ရဲစခန်းအနီးတွင်ရှိပြီး ဒေသကာကွယ်ရေးတပ်များက M 79၊ (၄၀)မမအပြင် လက်နက်ငယ်များဖြင့်ပါ အလစ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၁၀)မိနစ်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူရှိပြီး လောင်းလုံးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကူရောက်လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို Dawei Defense Team-DDTတပ်ခွဲ(၃)နှင့် ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ Guerrilla Daweiတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့် မသက်ဆိုင်ကြောင်း Dawei Defense Team-DDTတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency