အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်စက်ရုံသို့ သွယ်တန်းထားသည့် ဓါတ်အားလိုင်းကို MSPDF ၏ ( ဘီလူး) စစ်ဆင်ရေးအထူးတပ်ဖွဲ့က ဖေါက်ခွဲ

အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်စက်ရုံသို့ သွယ်တန်းထားသည့် ဓါတ်အားလိုင်းကို MSPDF ၏ ( ဘီလူး) စစ်ဆင်ရေးအထူးတပ်ဖွဲ့က ဖေါက်ခွဲ
ဒီဇင်ဘာ 18, 2021 | အခြားဒေသများ

မကွေးတိုင်း၊ မင်းဘူးစကုမြို့နယ် ကုန်းသာကျေးရွာအနီးတွင် သွယ်တန်းထားသော အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်စက်ရုံများသို့  လျှပ်စစ်ဓါတ်အားပေးနေသည့် Tension Tower တိုင် တစ်တိုင်ကို MSPDF ၏ ( ဘီလူး) စစ်ဆင်ရေးအထူးတပ်ဖွဲ့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့ နံနက် (၅)နာရီဝန်းကျင်တွင် ပြင်းအားမြင့်မိုင်းဖြင့် ဖေါက်ခွဲလိုက်ကြောင်း သိရသည်။

အများပြည်သူအနေဖြင့် လုံခြုံဘေးကင်းရေးအတွက် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပတ်သက် ဆက်နွယ်သည့်နေရာများသို့ သွားလာခြင်းအား ရှောင်ကြဉ်ကြရန်  MSPDFက အသိပေးထားသည်။

စစ်အာဏာသိမ်းမှုကို တော်လှန်နေသည့် အဖွဲ့အစည်းများက အာဏာသိမ်းစစ်တပ်နှင့် အထောက်အကူပြုသူများအား တိုက်ခိုက်နေရာတွင် အများပြည်သူထိခိုက်မှုမရှိစေရေး အသိပေးချက်များထုတ်ပြန် သတိပေးလေ့ရှိသည်ကို တွေ့ရသည်။