ဝမ်ပေါင်ကုမ္ပဏီတွင်တာဝန်ကျ ရဲတပ်သားတစ်ဦး သေနတ်နှစ်လက်ဖြင့် အလင်းဝင်

ဝမ်ပေါင်ကုမ္ပဏီတွင်တာဝန်ကျ ရဲတပ်သားတစ်ဦး သေနတ်နှစ်လက်ဖြင့် အလင်းဝင်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တရုတ်ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသည့် ရဲတပ်သားတစ်ဦး ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့ နံနက်ပိုင်းက ဆားလင်းကြီးမြို့နယ် သမန်ကျားတပ်ဖွဲ့ထံ CDM ဝင်ရောက်လာကြောင်း သိရသည်။

၎င်းရဲတပ်သားသည် ပထမအကြိမ်ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ဘဲ ဒုတိယအကြိမ်မှ အောင်မြင်စွာ CDM ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ  သိရသည်။

အဆိုပါရဲတပ်သားနှင့်အတူ အူစီတစ်လက်၊ G3 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ၇.၆၂ ကျည် (၁၀)တောင့်၊ ၉ မမ ကျည် (၉)တောင့်နှင့်အတူ စကားပြောစက်တစ်လုံးပါလာကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်သမန်ကျားတပ်ဖွဲ့အနေဖြင့် အလင်းဝင်ရောက်လာသော ရဲတပ်သားအား ဆုကြေးငွေများချီးမြှင့်ရန် ရန်ပုံငွေလိုအပ်နေသဖြင့် ပြည်သူများ အလှုငွေထည့်ဝင်လှုဒါန်းပေးကြရန် အကူညီတောင်းခံထားသည်။

#TachileikNewsAgency