ကရင်ပြည်နယ် ကော့ကရိတ်မြို့ တမိုင်းကုန်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ရေကူးကန်စခန်းကုန်းကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တမိုင်းကုန်းကျေးရွာရှိ စစ်ကောင်စီတပ်၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ရေကူးကန်စစ်ကောင်စီတပ်စခန်းကုန်းကို KNU/KNLA တပ်ရင်း(၁၈)၊ ကျားသစ်နက်စစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၈)ဦးသေဆုံးပြီး အများပြားဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူများသဖြင့် တိုက်လေယာဉ်များအသုံးပြုကာ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ တစ်နေကုန် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ကျားသစ်နက်စစ်ကြောင်းက ယနေ့ဇွန်လ(၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
#TachileikNewsAgency
Photo : Black Panther Column
ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်၏ ရေကူးကန်စခန်းကုန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်
Featured News
ဧပြီ 1, 2025
ဧပြီ 1, 2025