ထားဝယ်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းချီတက်ဆန္ဒပြ

ထားဝယ်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အတွက် စစ်အာနာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။



သပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး “တကယ့်အကျဉ်းထောင်ဟာ ကြောက်ရွံမှုဖြစ်ပြီး စစ်မှန်တဲ့လွတ်လပ်မှုဆိုတာ ကြောက်ရွံမှုကင်းမဲ့ခြင်းဖြစ်တယ်”ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုမိန့်ကိုကိုင်ဆွဲ၍ အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူအ‌များပြား ပူးပေါင်းပါဝင်ကာ ချီတက်ခဲ့ကြ ကြောင်း သိရသည်။



#TachileikNewsAgency

Photo : Democracy Movement Strike Committee-Dawei