စစ်တွေမြို့ တောကန်ကျေးရွာကို စစ်ကောင်စီတပ် ဓာတ်ဆီလောင်းမီးရှို့

စစ်တွေမြို့ တောကန်ကျေးရွာကို စစ်ကောင်စီတပ် ဓာတ်ဆီလောင်းမီးရှို့

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့ ညနေပိုင်းတွင် ဝင်‌ရောက်ကာ နေအိမ်များအား ဓာတ်ဆီလောင်းမီးရှို့ပြီး ဆန်ကုန်သည်များ၏ စပါး (၃)ထောင်ကျော်၊ ဆန်အိတ်ပေါင်း (၈၀၀)အိတ်ခန့်နှင့် ဆန်ကွဲအိတ် (၁၀)ကျော်တို့ကို ယူဆောင်သွားကြောင်း သိသည်။

စစ်ကောင်စီတပ်သည် အင်အား (၅၀)ဝန်းကျင်ဖြင့် တောကန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာတွင်းရှိ ဒေသခံများ၏ နေအိမ်များအား ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဆိပ်ကမ်းအနီး၌ရှိသည့် ဒေသခံဆန်ကုန်သည်များ၏ စပါး (၃)‌ထောင်ကျော်၊ ဆန်အိတ်ပေါင်း (၈၀၀)အိတ်ခန့်နှင့် ဆန်ကွဲအိတ် (၁၀)ကျော်တို့အား ယူဆောင်သွားသည်ဟု AAကသတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဆိပ်ကမ်းအနီးရှိ ဒေသခံများပိုင်ဆိုင်သော ဆိုင်ကယ် (၃)စီးနှင့် ဟွန်ဒါလှေများတွင် တပ်ဆင်ထားသည့် အင်ဂျင်စက်များကိုလည်း ယူဆောင်သွားက ဒေသခံဘုတ်သမား (၂)ဦးကို ဖမ်းဆီး၍ စစ်တွေအခြေစိုက် စစ်ကောင်စီ၏ B.E တပ်သို့ ခေါ်ဆောင်သွားသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်၊ စနဲမြို့မြောက်ဘက် မီတာ(၁၃၀၀)ခန့် အကွာအဝေး (တစ်နည်း) စနဲမြို့နှင့် အဝတောင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရက္ခိုင့်တပ်တော် (AA)ရှိရာနေရာသို့ ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကျောက်တော်မြို့နယ်၊ ပြင်လှကျေးရွာအား စစ်ကောင်စီတပ်က ဒရုန်းဖြင့် (၂)ကြိမ် ဗုံး(၆)လုံးချ တိုက်ခိုက်ခဲ့မှုကြောင့် အသက် (၅၄)နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦး၏ လည်ပင်း၌ ဗုံးစထိမှန်ခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကျေးရွာတွင်းရှိ နေအိမ်အချို့မှာလည်း ထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။

ကျောက်တော်မြို့နယ်၊ ပြင်လှကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ပျက်စီးကာ နီးစပ်ရာနေအိမ်အချို့မှာလည်း မီးကူး၍ လောင်ကျွမ်းပျက်စီးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency