စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ အောင်ချမ်းသာရွာနှင့် ဘင်တဲကုန်းရွာတို့အား မီးရှို့ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၎င်းစစ်ကောင်စီတပ်သည် အဆိုပါ ရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးပြီးနောက် သခွတ္တောရွာမှ ထွက်လာပြီး လှတောရွာသို့ ဦးတည်လာရာ တကောင်းမင်းရွာနှင့် ပင်းဇင်းရွာကြားတွင် ဒေသကာကွယ်ရေးတပ် များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း GZ Special Task Force-Wetlet က သတင်းထုတ်ပြန်သည်။
ဒါ့အပြင် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ဒေသခံ ( ၁၅ )ဦးကို GZSTF ကင်းမြီးကောက်ဘုရင်တပ်ခွဲနှင့်အတူ ဒေသခံတော်လှန်ရေးအင်အားစုများပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။
၂၀၂၃ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ကလည်း အင်အား (၁၀၀)ဝန်းကျင်ဖြင့် လာသည့် စစ်ကောင်စီတပ်ကို ဘင်တဲကုန်းကျေးရွာအနီးတွင် 60MM များဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ၎င်းစစ်ကြောင်းကို ဟံလင်းမှ လာကြိုသည့် အင်အား ( ၃၀ )ဝန်းကျင်ပါ စစ်ကောင်စီတပ်ကိုလည်း တိုက်မိုင်း၊ ၆၀ မမ၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
၎င်းတိုက်ခိုက်မှုကို ကိုဒဿတပ်ဖွဲ့၊ ရေကြပ်တပ်ဖွဲ့တို့နှင့်အတူGZSTF မိုင်းဘီလူးတပ်ခွဲတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။