ဦးဖြိုးမင်းသိန်းနှင့် ဒေါ်စန္ဒာမင်း အပါအဝင် ( ၄ )ဦးကို NLD ဗဟိုက ထုတ်ပယ်

ဦးဖြိုးမင်းသိန်းနှင့် ဒေါ်စန္ဒာမင်း အပါအဝင် ( ၄ )ဦးကို NLD ဗဟိုက ထုတ်ပယ်



 

အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD)က ဦးဖြိုးမင်းသိန်းအပါအဝင် ( ၄ )ဦးကို ပါတီမှ ထုတ်ပယ်ကြောင်း ယနေ့ ၂၀၂၃ခုနှစ်၊ မတ်လ ( ၃ )ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းနှင့် ဗဟိုကော်မတီဝင်များ ဖြစ်သည့် ဒေါ်စန္ဒာမင်း၊ ဦးဝင်းမြင့်အောင် နှင့် ဦးတိုးလွင်တို့အား ပါတီမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ဖန်တီး၍ ပြည်သူလူထုနှင့် ကမ္ဘာကိုလှည့်စားရန် ကြံစည်နေချိန်တွင် NLD ပါတီဝင် တချို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပါတီ၏ ရပ်တည်ချက်တို့ကို ဆန့်ကျင်ခြင်း၊ ပါတီအမည်ကို အလွဲသုံးစား လုပ်ဆောင်ခြင်း၊ စစ်အာဏာရှင်အလိုကျ လိုက်နာ ဆောင်ရွက်ရင်း ကိုယ်ကျိုးရှာနေကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများရရှိထားသည်ဟု NLD ဗဟိုက ထုတ်ပြန်ထားသည်။

ထို့ကြောင့် အဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန် သက်သေထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီး ပါတီ မူဝါဒကို ဆန့်ကျင်လုပ်ဆောင်နေသူများအား ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။