ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်း အောက်တိုဘာလ(၁၂)ရက်နေ့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၇)ဦး ထပ်မံ နှုတ်ထွက်သည့်အတွက် စုစုပေါင်း (၆၃)ဦး နှုတ်ထွက်ပြီးဖြစ်ကြောင်း သိရသည်။
ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအားလုံး နှုတ်ထွက်ရန် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့က ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီးနောက် နှုတ်ထုတ်ထွက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ(၆)ရက်နေ့မှ အောက်တိုဘာလ(၁၃)ရက်နေ့အထိ မြို့ပေါ် (၁၃)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု (၅၀)မှ နှုတ်ထွက်သွားကြသည့်အတွက် နှုတ်ထွက်ရန် ကျန်ရှိသူမှာ (၃)(၄)ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။
နှုတ်ထွက်ရန် ကျန်ရှိသူများအနေဖြင့် အောက်တိုဘာလ(၁၈)ရက်နေ့ နောက်ဆုံးထားနှုတ်ထွက်ရမည်ဟု ခရမ်း PDF က သတိပေးထားကြောင်း သိရသည်။