AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် NUG ဝန်ကြီးများ၊ ဆေးလောကသားများ၏ အွန်လိုင်းတွေ့ဆုံပွဲသို့ ဒေါ်သက်သက်ခိုင် ခိုးတက်၍ ပြောဆို မောင်းထုတ်ပြီး ထုတ်ပယ်လိုက်ရ

AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် NUG ဝန်ကြီးများ၊ ဆေးလောကသားများ၏ အွန်လိုင်းတွေ့ဆုံပွဲသို့ ဒေါ်သက်သက်ခိုင် ခိုးတက်၍ ပြောဆို မောင်းထုတ်ပြီး ထုတ်ပယ်လိုက်ရ
ဇန်နဝါရီ 20, 2023 | 2021 Military Coup| အခြားဒေသများ

AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် NUG ဝန်ကြီးများ၊ ဆေးလောကသားများ၏  အွန်လိုင်းတွေ့ဆုံပွဲသို့ ဒေါ်သက်သက်ခိုင် ခိုးတက်၍ ပြောဆို မောင်းထုတ်ပြီး ထုတ်ပယ်လိုက်ရ

ရက္ခိုင့်တပ်တော်(AA)ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် NUG ဝန်ကြီးများ၊ ဆေးလောကသားများ၏  အွန်လိုင်းတွေ့ဆုံမှုကို စစ်ကောင်စီခန့်ဝန်ကြီး ဒေါ်သက်သက်ခိုင် ခိုးဝင် ရောက်သဖြင့် ပွဲစီစဉ်သူက ထုတ်ပယ်လိုက်ရကြောင်း သိရသည်။

တော်လှန်ရေးအတွင်း ဆက်လက်တိုက်ပွဲဝင်နေကြသည့် ဆေးလောကသားများ၏ အခန်းကဏ္ဍကို ရက္ခိုင့်တပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တော်လှန်ရေးအတွေ့အ ကြုံ ဝေမျှဆွေးနွေးမည့် အစီအစဉ်ကို ယနေ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ နေ့လည် (၂)နာရီက စတင်ကာ ပြုလုပ်နေခြင်းဖြစ်သည်။

၎င်း‌ဆွေးနွေးပွဲကို ဆေးလောကသားများ သာမက စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ရန် ဖိတ်ခေါ်ထားရာက ဒေါ်သက်သက်ခိုင် ခိုးဝင်လာသဖြင့် တက်ရောက်သူများက  ပြောဆိုမောင်းထုတ်ခဲ့ကြပြီးနောက် ပွဲစီစဉ်သူက လက်ခံခြင်းမပြုပဲ ထုတ်ပယ်လိုက်ရသည်ဟု သိရသည်။

ယင်းပွဲသည် ဒေါက်တာညိုထွန်းအောင်၏ (၁၄)နှစ်ကျော်ကြာ တော်လှန်ရေးဖြတ်သန်းမှုသမိုင်း၊ အတွေ့အကြုံ၊ တော်လှန်ရေးနှင့် ဆေးလောကသားများ အကြောင်းကို ၎င်းကိုယ်တိုင် မျှဝေပြောကြားသွားမည့် ဆွေးနွေးပွဲကို Medical Family Mandalay (MFM)နှင့် Yangon Medical Network (YMN)တို့ ပူးပေါင်းဦးဆောင်ပြီး စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။