ရွှေဘိုတွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်

ရွှေဘိုတွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။

ရွှေဘိုမြို့နယ် တိုက်နယ်အမှတ် (၆)နယ်မြေအတွင်း စစ်ကောင်စီတပ်၏ အဓမ္မစစ်မှုထမ်း စုဆောင်းခြင်းခံရပြီး ခမရ (၁၂)ခြေမြန်တပ်ရင်းတွင် တာဝန်ကျနေသည့် စစ်သား တစ်ဦးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင် တပ်သားသည် MA-3 (၁)လက်၊ ကျည်ဘောက် (၄)ဘောက်၊ ၅.၅၆ ကျည် (၁၀၈)တောင့်နှင့် လက်ပစ်ဗုံး (၄)လုံးတို့ကို ယူဆောင်လာပြီး ထပ်မံအလင်းဝင်လိုသူများစွာရှိသေးသည်ဟု သိရကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

အလင်းဝင်ရောက်လာသူအား ဂုဏ်ပြုဆုငွေ ထိုက်သင့်စွာ ချီးမြှင့်သွားမည်ဖြစ်ပြီး လူအခွင့်အရေးနှင့်အညီ ထိန်းသိမ်းထားကာ ၊ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်သားများ ၊ ပျူစောထီးများအနေဖြင့် အလင်းဝင်ရောက်ရန် အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က တိုက်တွန်းအသိပေးထားသည်။

#TachileikNewsAgency

#TNA_LE

Photo:ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့